အိမ်ပြန်ချင်သော နှလုံးသားများ
Jun 25, 2026 9:46 AM
May 23, 2026 12:16 AM
လူမျိုးတစ်မျိုး၊ အမျိုးသားတစ်ရပ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးကို ရှာဖွေရာတွင် "အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်" နှင့် "လက်နက်ကိုင်ခုခံရေးလမ်းစဉ်" တို့သည် သမိုင်းတစ်လျှောက် အမြဲတစေ ဒွန်တွဲငြင်းခုံလာခဲ့ကြသည့် မဟာဗျူဟာများဖြစ်သည်။ အချို့သော မွန်ခေါင်းဆောင်များသည် အိန္ဒိယလွတ်လပ်ရေးဖခင် မဟတ္တမဂန္ဒီ၏ အလယ်အလတ်လမ်းစဉ်နှင့် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ အကြမ်းမဖက် ငြိမ်းချမ်းရေး လှုပ်ရှားမှုများကို စံနမူနာပြုလိုကြသည်။ သို့သော် သမိုင်း၏ လက်တွေ့သင်ခန်းစာများသည် တစ်ခါတရံ အလွန်ခါးသီးလှသည်။
May 20, 2026 8:20 PM
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တိုးတက်မှုကို တည်ဆောက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် မရှိမဖြစ်လိုအပ်သော နိုင်ငံရေးထွက်ပေါက်တစ်ခု ဖြစ်သည်ကို ယနေ့ခေတ်တွင် အားလုံးက လက်ခံလာကြပြီ ဖြစ်သည်။ သို့သော် ဖက်ဒရယ်စနစ်ကို အမည်နာမ သက်သက်ဖြင့်လည်းကောင်း၊ စာရွက်ပေါ်ရှိ သဘောတူညီချက်အချို့ဖြင့်လည်းကောင်း အကောင်အထည်ဖော်၍ မရနိုင်ပေ။ စစ်မှန်သော ဖက်ဒရယ်နိုင်ငံတော်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သဘာဝသယံဇာတ စီမံခန့်ခွဲခွင့်၊ မိခင်ဘာသာစကားအခြေပြုသုံး ဘာသာသင်ပညာရေး (Mother-Tongue-Based Multilingual Education)၊ ဒေသအခြေပြု အုပ်ချုပ်ရေးနှင့် သမိုင်းဆိုင်ရာ ကိုယ်ပိုင်အမှတ်အသားများကို လက်တွေ့ကျကျ လေးစားအသိအမှတ်ပြုနိုင်သည့် စနစ်မျိုး လိုအပ်နေသည်။