တိုင်းရင်းသားပေါင်းစည်းညွန့်ပေါင်းအဖွဲ့ ၏ ၂၀၂၆ ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် နိုင်စိုင်းဝဏ္ဏ ခန့်အပ်ခံရ
OMCC ကော်မတီဝင်ဖြစ်သည့် (Mon Refugee Organization) ဥက္ကဋ္ဌ နိုင်စိုင်းဝဏ္ဏအား မလေးရှားနိုင်ငံရှိ မြန်မာတိုင်းရင်းသားပေါင်းစည်းညွန့်ပေါင်းအဖွဲ့ (Coalition of Burma Ethnics in Malaysia – COBEM) ၏ ၂၀၂၆ ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရပါသည်။
COBEM မှ နိုင်စိုင်းဝဏ္ဏ၏ ဦးဆောင်မှုစွမ်းရည်အပေါ် ယုံကြည်မှုထားရှိကာ ဤအရေးကြီးသော တာဝန်ကို ထမ်းဆောင်ခွင့် ပေးအပ်ခဲ့သည့်အတွက် ကျွန်ုပ်တို့ အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် မွန် လူမှုရေးအသိုင်းအဝိုင်းသာမက မလေးရှားရှိ မြန်မာတိုင်းရင်းသားအသိုင်းအဝိုင်းများအတွက် ဆက်လက်အကျိုးပြုနိုင်ရန် အခွင့်အလမ်းများပေးအပ်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါသည်။
နိုင်စိုင်းဝဏ္ဏသည် နှစ်ပေါင်း ၂၀ ကျော်ကြာ လူမှုအသိုင်းအဝိုင်းအတွက် အနစ်နာခံကာ ဝန်ဆောင်မှုများ ဆောင်ရွက်လာခဲ့သူ ဖြစ်ပြီး အကူအညီလိုအပ်သူများနှင့် နေရပ်စွန့်ခွာနေထိုင်ရသူများအတွက် မမောမပန်း ထောက်ပံ့ကူညီလျက်ရှိပါသည်။ ၎င်း၏ တာဝန်ယူမှု၊ ဖြောင့်မတ်မှုနှင့် ဦးဆောင်မှုစွမ်းရည်များသည် အသိုင်းအဝိုင်းအတွင်း လေးစားဂုဏ်ယူမှုများကို ရရှိစေခဲ့ပါသည်။
နိုင်စိုင်းဝဏ္ဏအနေဖြင့် ယခုကဲ့သို့ အရေးကြီးသော တာဝန်ကို ခန့်အပ်ခြင်းခံရသည့်အတွက် OMCC က ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်သည့်အပြင်၊ မြန်မာတိုင်းရင်းသား လူမျိုးစုများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးကြသူ အားလုံးကိုလည်း ကျေးဇူးတင်အပ်ပါသည်။
Discover the latest updates, stories, and insights from OVERSEAS MON COORDINATING COMMITTEE. We keep you connected with our community and our work.

Nai Sai Wonna appointed chairman of COBEM for 2026
The OMCC Committee Member, Chairman of the Mon Refugee Organization, Nai Sai Wonna, has been appointed as Chairman of the Coalition of Burma Ethnics in Malaysia (COBEM) for 2026.
We sincerely appreciate COBEM for placing its trust and confidence in Nai Sai Wonna's leadership and for providing him the opportunity to continue serving the Mon community and other Burmese ethnic communities in Malaysia.
Nai Sai Wonna has dedicated more than 20 years of his life to community service, tirelessly advocating for and supporting vulnerable and displaced people. His commitment, integrity, and leadership have earned deep respect within our communities.
OMCC congratulates him on this important appointment and expresses our gratitude to all who support unity and cooperation among Burma’s ethnic communities.